top of page
Search

အီစတာရဲ့အစက နတ်ပွဲလား?

အီစတာ၏အစပြုမှုသည် မရှင်းလင်းပါ။ “Easter” ဟုခေါ်ကြသည်မှာ၊ မြောက်ဥရောပ Saxons များက နွေဥတုဘုရားအဖြစ် ဂုဏ်ပြုခဲ့သော နွေဦးဘုရားမ Eastre (သို့) Eostre ထံမှနာမည်ကို ယူသည်ဟု ယုံကြည်ချက်ရှိသည်။ ထိုသီအိုရီအရ၊ Eastre သည် “အရှေ့ဘက်ဘုရားမ” ဖြစ်ပြီး, ၎င်း၏သင်္ကေတမှာ သားဖွားခြင်းကိုဆိုလိုသည့် "တောယုန်" ဖြစ်သည်။ Saxons များသည် နွေဥတုညီမျှမှုအချိန်တွင် Eastre ဘုရားမအား ဂုဏ်ပြုသောပွဲတော်တစ်ခုကိုကျင်းပကြသည်ဟု ဆိုသည်။ သို့သော် ဤသီအိုရီသည် ဟာကွက်အများကြီးရှိသည်။


Eastre/Eostre ဟုခေါ်တဲ့ ဘုရားမတကယ်ရှိခဲ့ဘူးတယ်ဆိုတဲ့ သက်သေအထောက်အထား မရှိပါ။
Eastre/Eostre ဟုခေါ်တဲ့ ဘုရားမတကယ်ရှိခဲ့ဘူးတယ်ဆိုတဲ့ သက်သေအထောက်အထား မရှိပါ။

အဓိကပြဿနာမှာ Eastre/Eostre ဟုခေါ်သော ဘုရားမနှင့် Easter ၏အစဖြစ်မှုကို ဆက်စပ်ခြင်းတွင် ဖြစ်သည်။ ဤဘုရားမကို တကယ်ပဲ တည်ရှိဖူးသည်၊ ဘယ်သူမှ ဘယ်နေရာမှ ဂုဏ်ပြုခဲ့ဖူးကြောင်း သက်သေအထောက်အထား တစ်စုံတစ်ခုမှ မရှိပါ။ Eastre ဆိုသည့်နာမည်ကို ဗြိတိန်ဂေါ်သ်မတ်မြတ်သောဘုန်းကြီး၊ Bede (ခေတ် ၈ ရာစု) ၏ စာအုပ်များတွင် ဖော်ပြခဲ့သည့် သေးငယ်သည့်အကြောင်းပြောချက်တစ်ခုမှသာ ရှာဖွေနိုင်ပါသည်။ ထိုမှာ Bede သည် “Eosturmonath” ဟုခေါ်သည့်လ (ယခုမှာ “ပသစ္စရနှစ်” ဟုအဓိပ္ပါယ်ဖော်ပြထားသော) သည်၊ “Eostre” ဟုခေါ်သော ဘုရားမအတွက် ဂုဏ်ပြုသည့်လဖြစ်ပြီး၊ ယခုအခါမှာ ယင်းနာမည်ဖြင့်ပင် Easter ရာသီကို ခေါ်ကြသည်ဟု ရေးထားသည်။ ထိုအကြောင်းပြချက်တစ်ခုအပြင် Eostre သည် အခြားသမိုင်းဝင်စာတမ်းများထဲတွင် မဖော်ပြထားပေ။ ဘုရားရုပ်ပုံ၊ နေရာတော်၊ ဂုဏ်ပြုခြင်းမှတ်တမ်းတစ်ခုမှ မရှိပါ။ ထို့ကြောင့် Bede သည် ယင်းနာမည်ကို လအမည်မှ ခန့်မှန်းရေးသားခဲ့ခြင်းဖြစ်နိုင်သည်။


၁၉ ရာစုတွင် ဂျာမန်ပွဲတော်သုတေသနပညာရှင် Jakob Grimm သည် Ostern (Easter) ဟုခေါ်သောဂျာမန်စကားလုံး၏မူလကို သုတေသနပြုခဲ့သည်။ ရှေးဂျာမန်စကား “Ostarâ” နှင့်လည်းဆက်နွယ်ပြီး၊ “အရှေ့” ဆိုသော “ost” နှင့်ပါ ဆက်စပ်သည်။ Grimm သည် Easter နှင့် နတ်ဘုရားပွဲတော်များအကြား သက်သေအထောက်အထားရှိကြောင်းမတွေ့ရှိခဲ့သော်လည်း၊ “Ostara” ဆိုသော ဂျာမန်ဘုရားမတစ်ဦးရှိခဲ့သည်ဟု ခန့်မှန်းခဲ့သည်။ သို့သော် Ostara သည် ယုံမြင်ချက်နှင့် ခန့်မှန်းချက်အပေါ်သာ အခြေခံထားပြီး၊ Grimm ၏စာအုပ် Deutsche Mythologie (၁၈၃၅) မတိုင်ခင်၊ Ostara ကိုမည်သည့်စာအုပ်တွင်မှ မဖော်ပြဖူးပါ။ 


ထို့ကြောင့် “Easter” ဆိုသည့်စကားလုံးသည် “အရှေ့” သို့မဟုတ် နွေဦးလအမည်မှ ဆင်းသက်လာခြင်းဖြစ်နိုင်သော်လည်း၊ နတ်ဘုရားပွဲတော်နှင့်ဆက်စပ်ကြောင်း သက်သေအထောက်အထား မရှိပါ။ Easter သည် နတ်ဘုရားပွဲတော်တစ်ခုဖြစ်သည်ဟု သက်သေအထောက်အထားမရှိပါ။ သို့သော် ယနေ့တွင် Easter သည် ရှေးနတ်ဘုရားပွဲတော်မျိုးလိုပင် ဖြစ်နေပြီဖြစ်သည်။ ဤနေ့ရက်သည် လုံးဝစီးပွားဖြစ်လုပ်ငန်းအဖြစ်သို့ရောက်ရှိနေပြီး Easter ကြက်ဥများ ၊ ချောကလက်၊ နှင့် ယုန်တို့သာ အဓိကနေရာယူလာကြသည်။ 


Easter ဟုခေါ်သည်ဖြစ်စေ၊ Resurrection Sunday ဟုခေါ်သည်ဖြစ်စေ၊  သခင်ယေရှုခရစ်တော်၏ ထမြောက်ခြင်းနှင့် သေခြင်းမာန်ကိုအောင်ခြင်းသာ အဓိကကျသည်။
Easter ဟုခေါ်သည်ဖြစ်စေ၊ Resurrection Sunday ဟုခေါ်သည်ဖြစ်စေ၊ သခင်ယေရှုခရစ်တော်၏ ထမြောက်ခြင်းနှင့် သေခြင်းမာန်ကိုအောင်ခြင်းသာ အဓိကကျသည်။

ခရစ်ယာန်များအတွက် Easter သည် ယေရှုခရစ် အသေခံပြီးသည့်နောက် ၃ ရက်တွင် ပြန်လည်ထမြောက်လာခြင်းကို ဂုဏ်ပြုသည့်နေ့ဖြစ်သည်။ ၎င်းသည် ခရစ်ယာန်ဘာသာအတွက်အရေးအကြီးဆုံးနေ့ဖြစ်ပြီး၊ ခရစ်ယာန်ဘာသာရပ်သည် ယေရှု၏ အသေံခြင်းနှင့် ထမြောက်ခြင်းအပေါ် အခြေခံထားခြင်းကြောင့် ဖြစ်သည်။ တချို့သောခရစ်ယာန် ဂုဏ်းကနများတွင် မိမိကိုယ်တိုင်ပြုမိသော အကုသိုလ်တွေအတွက် နောင်တရခြင်းကို ဖော်ဆောင်သော ဝါတွင်းကာလ “Lent” ဟုခေါ်သော ရက်မြတ် ၄၀ ရက်ကြာကာလကို ကျင်းပကြတယ်။ ထိုဝါတွင်းကာလသည် ပြာခံပွဲ (Ash Wednesday)တွင်အစပြုပြီး သန့်ရှင်းသောသီတင်းပတ်၏ နောက်ဆုံးတနင်္ဂနွေနေ့ Easter Sunday တွင် အဆုံးသတ်သည်။ 


Easter ၏ စီးပွားရေးပြောင်းလဲမှုနှင့် နတ်ဘုရားပွဲများမှ ဆင်းသက်လာနိုင်သည်ဟု ပြောစကားများကြောင့် တချို့သောခရစ်ယာန်များက “ရှင်ပြန်ထမြောက်သော တနင်္ဂနွေနေ့ (Resurrection Sunday)” ဟုခေါ်ရန် ပို၍နှစ်သက်ကြသည်။ အကြောင်းရင်းမှာ ပွဲ၏ခေါ်ဝေါ်သောအမည်ထက် ယေရှုခရစ်တော်၏ လုပ်ဆောင်ပေးခဲ့သော အရာများကို အာရုံစိုက်ရန် ပိုသင့်တော်သောကြောင့်ဖြစ်သည်။ သမ္မာကျမ်းစာတွင် ရှင်ပေါလုက "ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ​လျှင်၊ သင်​တို့​သည် ယုံ​ကြည်​သော်​လည်း အ​ကျိုး​မ​ရှိ၊ ဒု​စ​ရိုက်​အ​ပြစ်​အောက်၌ ရှိ​ကြ​သေး၏။" (၁ ကောရိန္သု 15:17) ဟုရေးထားသည်။ ထိုကြောင့် Easter ဟုခေါ်သည်ဖြစ်စေ၊ Resurrection Sunday ဟုခေါ်သည်ဖြစ်စေ၊ ကျွန်ုပ်တို့အား ထာဝရအသက်ကိုရရှိဖို့ရန် လုပ်ဆောင်ပေးသော သခင်ယေရှုခရစ်တော်၏ ထမြောက်ခြင်းနှင့် သေခြင်းမာန်ကိုအောင်ခြင်းသည် အဓိကအချက်ဖြစ်ပြီး ထိုအကြောင်းကြောင့်သာ ကျွန်ုပ်တို့၏ပွဲတော်ကျင်းပရသည့် အကြောင်းရင်းလည်းဖြစ်သည်။ (ရောမ ၆း၄)


Easter ဟာ နတ်ဘုရားမကနေဆင်းသက်လာတဲ့ပွဲဆိုတာကို ခိုင်လုံတဲ့သက်သေပြနိုင်ခြင်းမရှိပါ။
Easter ဟာ နတ်ဘုရားမကနေဆင်းသက်လာတဲ့ပွဲဆိုတာကို ခိုင်လုံတဲ့သက်သေပြနိုင်ခြင်းမရှိပါ။

Easter ကို ကျင်းပသင့်သလား၊ ကလေးများအား Easter ကြက်ဥများရှာခြင်း၊ ကစားခွင့်ပေးသင့်သလားဆိုသည်မှာ မိဘများနှင့်ဆရာများအတွက် ဖြေဆိုပေးရန်လိုအပ်သလို အခက်အခဲကြုံစေနိုင်သည့် မေးခွန်းလည်းဖြစ်သည်။ မိမိ၏ ဩတ္တပ္ပစိတ်အတိုင်း (ရောမ ၁၄း၅) ဆုံးဖြတ်ရမည့်အရာဖြစ်သည်။ ကြက်ဥကိုဆေးဆိုးခြင်း၊ ဝှက်ခြင်း၊ ကလေးများစွာရှာခြင်းဟုဆိုသည်မှာ မကောင်းမှုအနေနှင့် မဖြစ်ပါ။ အရေးကြီးတာက ကျွန်ုပ်တို့၏အာရုံစိုက်မှုဖြစ်သည်။ ကျွန်ုပ်တို့၏အာရုံကို သခင်ယေရှုခရစ်တော်၏ အပြစ်သားများအတွက် အသေခံခြင်း၊ အသွေးသွန်းခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း အပေါ် အာရုံစိုက်ထားပါက ကလေးများအား ကြက်ဥ သည် ကစားပွဲသာဖြစ်သည်ဟု သင်ကြားနိုင်သည်။ သို့ရာတွင်၊ ရှင်ပြန်ထမြောက်ခြင်းနေ့၏အနှစ်သာရကို သိစေရန်၊ မိဘများ၊ ဆရာများနှင့် အသင်းတော်မှ တာဝန်ယူရမည်။ နောက်ဆုံးတွင် Easter ကြက်ဥ သို့မဟုတ် အခြားပွဲများ၏ အစီအစဉ်များတွင် ပါဝင်ခြင်းသည် မိဘများ၏ဆုံးဖြတ်ချက်အပေါ် မူတည်သည်။


မူရင်းဆောင်းပါး - https://www.gotquestions.org/easter-origins.html ကို စီလျှော်အောင်ဘာသာပြန်သည်။ 

 
 
 

Commentaires


bottom of page