top of page

လျှံလျှက်ရှိတဲ့ခွက်ဖလား Overflowing Cup

Writer: Myanmar WorshipMyanmar Worship

Updated: Dec 20, 2024

ကျေးဇူးတော်ခွက်ဖလား





‭‭ဆာလံ‬ ‭23‬:‭5‬ ‭

အ​ကျွန်ုပ်၏ ရန်​သူ​တို့​ရှေ့​မှာ အ​ကျွန်ုပ်​အ​ဖို့ စား​ပွဲ​ကို​ခင်း​တော်​မူ၏။

အ​ကျွန်ုပ်​ခေါင်း​ကို ဆီ​နှင့်​လိမ်း​တော်​မူ၏။ အ​ကျွန်ုပ်​ခွက်​ဖ​လား​သည် လျှံ​လျက်​ရှိ​ပါ၏။


၂၀၂၄ ခုနှစ်ရဲ့ ကျေးဇူးတော်ချီးမွမ်းခြင်းကာလထဲကို ရောက်ရှိလာပါပြီ။ ဒီရက်ပိုင်းမှာ ကျေးဇူးတော်ချီးမွမ်းခြင်းက ဘာလဲ၊ ဘာကြောင့် ဘုရားကို ချီးမွမ်းသင့်တာလဲ၊ ကျေးဇူးတော်လျှံလျက်ခံစားရတယ်ဆိုတာဘာလဲ ဆိုတဲ့ အရာကို ဆင်ခြင်မိပါတယ်။


ကျေးဇူးတော်ချီးမွမ်းခြင်းဆိုတာ အရိုးရှင်းဆုံးနားလည်ဖို့က ကျေးဇူးတင်ခြင်းဖြစ်တယ်။ ဘုရားသခင်ပို့ဆောင်ခဲ့တဲ့အရာများကို ပြန်လည်အောက်မေ့ပြီး ဘုရားသခင်ရဲ့နာမတော်ကို လူရှေ့၊ ဘုရားရှေ့မှာ ထုတ်ဖော်ပြောဆိုခြင်းဖြစ်ပါတယ်။ ဒီတနှစ်လုံးအတွက် ချီးမွမ်းခံထိုက်သောသူ၊ ကျေးဇူးတင်ထိုက်သူ၊ ဂုဏ်ပြုထိုက်သောသူက သင်နှင့်ကျွန်ုပ်ကိုးကွယ်သော ဘုရားသခင်ဖြစ်ပါတယ်။ သင်က “ငါတော့ဒီနှစ်မှာ မနှစ်ကလိုမျိုး၊ ကျေးဇူးတော်ချီးမွမ်းဖို့ သိပ်မရှိဘူး၊ ကြီးကြီးမားကောင်းချီးမင်္ဂလာမခံစားရဘူး၊ နေ့တဓူဝ အသက်ရှင်တယ်၊ အလုပ်နဲ့အိမ်၊ အိမ်နဲ့အလုပ်နဲ့ဘဲနှစ်ပါးသွားနေရတယ်။ တခြားသူတွေလို ကျေးဇူးတော်ရေတွက်ဖို့ သိပ်မရှိပါဘူးလို့ဘဲ သင်ခံစားရရင် ခွန်အားပေးချင်ပါတယ်။ တိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့အချိန်၊ အလုပ်နဲ့စီးပွါးရေးအဆင်မပြေတဲ့အချိန်၊ မိသားစုတွေထွက်ပြေးနေရတဲ့အချိန်ဖြစ်တယ်ဆိုရင် သင်ကိုအထူးခွန်အားပေးချင်ပါတယ်။


တကယ်တော့ ကျေးဇူးတော်ခွက်ဖလားလျှံလျက်ရှိပါ၏လို့ပြောခြင်းက အရာရာအားလုံး အဆင်ပြေချောမွတ်နေလို့မဟုတ်ပါဘူး။ ကောင်းချီးမင်္ဂလာအများကြီးရမှဘဲ ကျေးဇူးတော်ချီးမွမ်းရတာ မဟုတ်ပါဘူး။ ကျေးဇူးတော်ကိုရေတွက်ချီးမွမ်းတဲ့သူအတွက်တော့ ကျေးဇူးတော် ခွက်ဖလားပြည့်လျှံလျက်ရှိပါတယ်။ ဆာလံဆရာက ဆာလံ ၂၃ ရေးတဲ့အချိန်မှာ အဆင်ပြေလို့၊ ကောင်းစားလို့ရေးခဲ့တာထက်၊ အဆင်မပြေတဲ့ကြား၊ ရန်သူလက်က ထွက်ပြေးတိမ်းရှောင်နေရတဲ့အထဲက၊ မျှော်လင့်ချက်မဲ့သကဲ့သို့ဖြစ်တဲ့အချိန်မှာ ရေးခဲ့တာဖြစ်ပါတယ်။ ဆာလံ ၂၃ တခန်းလုံးကို ပြန်ဖတ်ပြီး ဆင်ခြင်စေချင်ပါတယ်။


‭‭ဆာလံ‬ ‭23‬:‭ 1-6


ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​သိုး​ထိန်း​ဖြစ်​တော်​မူ၏။ ငါ​သည် ဆင်း​ရဲ​မ​ခံ​ရ။ စိမ်း​လန်း​သော ကျက်​စား​ရာ​အ​ရပ်၌ ငါ့​ကို​အိပ်​စေ​တော်​မူ၏။ သာ​ယာ​သော​မြစ်​နား​သို့ လမ်း​ပြ​တော်​မူ၏။ ငါ့​ဝိ​ညာဉ်​ကို​အား​ဖြည့်၍၊ နာ​မ​တော်​အ​ဖို့​အ​လို​ငှာ တ​ရား​လမ်း​ထဲ၌ သွေး​ဆောင်​တော်​မူ၏။ အ​ကယ်၍ သေ​မင်း၏​အ​ရိပ်​လွှမ်း​မိုး​သော​ချိုင့်​ထဲ​သို့ လျှောက်​သွား​ရ​သော်​လည်း ဘေး​အ​န္တ​ရာယ်​ကို မ​ကြောက်​ပါ။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​တော်​မူ​သည်​ဖြစ်၍၊ လှံ​တံ​တော်​နှင့် တောင်​ဝှေး​တော်​သည် အ​ကျွန်ုပ်​ကို ချမ်း​သာ​စေ​ပါ၏။ အ​ကျွန်ုပ်၏ ရန်​သူ​တို့​ရှေ့​မှာ အ​ကျွန်ုပ်​အ​ဖို့ စား​ပွဲ​ကို​ခင်း​တော်​မူ၏။ အ​ကျွန်ုပ်​ခေါင်း​ကို ဆီ​နှင့်​လိမ်း​တော်​မူ၏။ အ​ကျွန်ုပ်​ခွက်​ဖ​လား​သည် လျှံ​လျက်​ရှိ​ပါ၏။ အ​ကယ်​စင်​စစ် အ​ကျွန်ုပ်​သည် ကျေး​ဇူး​နှင့်​က​ရု​ဏာ​ကို တစ်​သက်​လုံး​ခံ​စား​၍၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​မှာ အ​စဉ်​အ​မြဲ နေ​ရ​ပါ​လိမ့်​မည်။

လောကပညာရှင်များကလည်း ကျေးဇူးတင်ခြင်းရဲ့ တန်ခိုးကိုသိကြပါတယ်။ လေ့လာတွေ့ရှိချက်အရ ကျေးဇူးတင်ခြင်းရဲ့အကျိုးရလဒ်များကို အောက်မှာရေးထားတဲ့အတိုင်း ဖော်ပြထားပါတယ်။


#1 Gratitude Produces Greater Happiness

ကျေးဇူးတင်ခြင်းက မဟာပျော်ရွှင်မှုကို ဖြစ်စေတယ်။ 


#2 Gratitude Improves Emotional Well-being

ကျေးဇူးတင်ခြင်းက စိတ်ပိုင်းဆိုင်ရာကျန်းမာခြင်းကို တိုးတက်ကောင်းမွန်စေတယ်။


#3 Gratitude Helps Physical Health

ကျေးဇူးတင်ခြင်းက ခန္ဓာကျန်းမာခြင်းကို အထောက်အကူဖြစ်စေတယ်။


#4 Gratitude Increases Sleep Quality And Quantity

ကျေးဇူးတင်ခြင်းက နှစ်ခြိုက်စွာ အိပ်မောကျစေတယ်။ 


#5 Gratitude Supports Social Well-being and Relationships

ကျေးဇူးတင်ခြင်းက လူမှုဆက်ဆံရေးကို ကောင်းစေတယ်။ 


#6 Gratitude Improves Productivity

ကျေးဇူးတင်ခြင်းက အကျိုးရလဒ်ကို တိုးတက်စေတယ်။


#7 Gratitude reduces stress and boosts immunity.

ကျေးဇူးတင်ခြင်းက စိတ်ဖိဆီးမှုကို ကျဆင်းစေပြီးတော့၊ ခုခံအားကို မြှင့်တင်ပေးတယ်။ 


သင့်အသက်တာမှာလည်း ကျေးဇူးတင်ခြင်းရဲ့အကျိုးရလဒ်ကို ခံစားချင်ရင် လက်တွေ့လုပ်ဆောင်ပါလို့ တိုက်တွန်းပါတယ်။ ကျေးဇူးတော်ကိုရေတွက်ချီးမွမ်းတဲ့သူရဲ့အသက်တာမှာ ကျေးဇူးတော် ခွက်ဖလားပြည့်လျှံလျက်ရှိမှာဖြစ်ပါတယ်။ အဲဒါကြောင့်၊ ဒီနေ့သင့်အသက်တာမှာ ဘုရားသခင်ပြုခဲ့တဲ့အရာများစွာအတွက် ကျေးဇူးတော်ကို ပြန်လည်ရေတွက်ချီးမွမ်းပါ။


Mercy Kim

 
 
 

Comments


bottom of page