🌿ဒီနေ့သည် ယေရှုခရစ်တော် တလောကလုံးရှိ လူသားများအတွက် အပြစ်မှကယ်တင်ရန် ယေရုရှလင်မြို့ကို စဝင်လာချိန်ဖြစ်တယ်။
🌿🌿အဲဒီခေတ်က လူတွေက သူတို့ကို ညှင်းပန်းနှိပ်စက်သော ရောမအာဏာရှင်များ လက်မှကယ်နှုတ်မယ်လို့ မျှော်လင့်ပြီး ယေရှုခရစ်တော်ကို စွန်ပလွန်ခက်များဖြင့် ကြိုဆိုကြတယ်။
🌿🌿🌿ဟောရှဏ္ဍာ အဓိပ္ပာယ်က “ထာဝရဘုရား ကျွန်ုပ်တို့ကို ကယ်တင်ပါ” ဖြစ်တယ်။
🌿🌿🌿🌿လူ့အကြံအစည်နှင့်၊ ထာဝရဘုရား၏ အကြံအစည်နှင့် လုံးဝမတူပါဘူး။ အဲဒီလူတွေက အခုကြုံရတဲ့ ယာယီပြဿနာကနေ ဘုရားကိုကယ်တင်ပါလို့ပြောတယ်။ ထာဝရဘုရားက အခုကြုံရတဲ့ သင့်အခက်အခဲ အပြင် ထာဝရကြုံရမဲ့ အခက်အခဲထဲမှ ကယ်တင်သောဘုရားဖြစ်တယ်။
🌿🌿🌿🌿🌿အဲဒီလို ဟောရှဏ္ဍဖြစ်စေသတည်း လို့အော်ကြတဲ့လူတွေကဘဲ ယေရှုခရစ်တော်ကို သတ်ဖို့ရန် ဝိုင်းအော်ခဲ့ကြတယ်။
🌿🌿🌿🌿🌿ကျွန်ုပ်တို့ အသက်တာမှာလည်း အဲဒီခတ်က လူတွေလိုဘဲ ကြုံတွေ့ရတဲ့ အခက်အခဲတွေ အဆင်မပြေတဲ့အခါမှာ “ကိုယ်တော်ဘယ်မှာလဲ” “ဆုတောင်းတာအဖြေမပေးဘူး” စသဖြင့် သင့်ယာယီအခက်အခဲ အဆင်မပြေတဲ့အခါ ကိုယ်တော့်ကို ပြစ်မှားတယ်။
🌿🌿🌿🌿🌿မိတ်ဆွေ သင့် အကြံအစည်အတိုင်း၊ သင်ဖြစ်ချင်တဲ့အတိုင်းမဖြစ်လာလို့ ထာဝရဘုရားကို ပြစ်မှားမိခဲ့ရင် နောင်တဖြင့် ပြန်လာပါ။ သင့်ရဲ့သေးငယ်တဲ့ အတွေးအခေါ်၊ အကြံအစည်ထဲမှာ ကြီးမြတ်တဲ့ ဘုရားသခင်ကို မထည့်ပါနှင့်။
🌿🌿🌿🌿🌿ထိုဘုရားရှင်ကို အဆုံးတိုင်အောင် ကိုးစားယုံကြည်ပါ။ အခုဘဝအတွက်သာမက၊ သင့်ရဲ့နောင်တမလွန် ဘဝအတွက်လည်း ကယ်တင်သောဘုရားသခင်ဖြစ်တယ်။
Comentarios